One Day or Day One

 Facebook မှာ ကျွန်တော်တို့ အားကျတာတွေ့ ကြရင် ရှယ်ကြတယ်။ One Day ဆိုပြီး။ ဥပမာ - စုံတွဲလေးတွေ ခရီး သွားရင်း Ro နေတာ တွေ့ရင် One Day ဆိုပြီး Share ကြတယ်။ မိဘ တွေကို လစာစုပြီး ကန်တော့ ကြတာတွေ့ ပြီး တော့လဲဲအားကျပြီး One Day ဆိုပြီး ရှယ်ကြတယ်။ သူငယ်ချင်းတွေ စုပြီး စိတ်ကူထားတဲ့ အိမ်မတ်တွေ ဖြစ်ချင်တာတွေ လိုချင်တာတွေ ဒါတွေ ပြောကြတယ်။ နောက်ပြီးတော့ စကားအဆုံးသပ်မှာ ပြောကြတယ်။ One Day ပေါ့ကွာဆိုပြီး။ ကျွန်တော့ တို့ ဘဝတစ်လျှောက်မှာ One Day ဆိုပြီးပြောခဲ့ကြတာကြာပြီ။

ကျွန်တော်တို့ One Day ကနေ Day One ဆိုပြီး ကျွန်တော်တို့ ပြောင်းရတော့မယ်။ ကျွန််တော်တို့ မိဘတွေကို လစာတွေ စုပြီးတော့ ‌ကန်တော့ချင်တာကို One Day လို့ပြောနေမယ်အစား အသုံးလျှော့ပြီး Day One လို့ပြောရမယ့်အချိန်ရောက်ပြီ။ အင်္ဂလိပ်စာ ပြောတက်ချင်တယ် ရေးတက်ချင်တယ် One Day ပေါ့လို့ပြောနေမယ့် အစား အင်္ဂလိပ်စာ လေ့လာခြင်း One Day ဆိုပြီး စသင့်ပြီ။ JLPT စာမေးပွဲအောင် ချင်တယ် သူများအောင်တာတွေ ကြည့်ပြီး One Day ပေါ့လို့ပြောတာရပ်ပြီး JLPT အောင်ဖို့ နည်းမှန်လမ်းမှန်းကြိုးစားဖို့ Day One ဆိုပြီးစသင့်ပြီ။ သူများတွေ လစာအများကြီး ရတာကိုသိပြီး ငါတို့လဲ One Day ပေါ့ လို့ပြောနေမယ့် လစာနဲ့ထိုက်တန်တဲ့ အရည်းချင်းတွေ ရှိဖို့ လိုအပ်တဲ့ Skill တွေဖြည်ဖို့ Day One ဆိုပြီးစသင့်ပြီ။

Application တွေ Website တွေသူများတွေ ရေးထားတာ Developer အနေနဲ့ Code တွေ ရေးနေတာတွေ ကြည့်ပြီး ငါလဲ One Day ပေါ့ကွာလို့ပြောနေတာ ရပ်ပြီး HeinLearn မှာသင်တန်းအပ်ပြီး Day One Learning For Web Developer၊ Day One learning for Programming Fundamental ဆိုပြီးစလိုက်ပါ။

ခင်ဗျားတို့လိုချင်တာတွေ ဖြစ်ချင်တာတွေ ခင်ဗျားတို့ရဲ့ ရည်ရွယ်ချင်ပန်းတိုင်တွေ ကို တကယ်ဖြစ်မြောက်အောင် တကယ်ရအောင် လုပ်ပေးမှာက One Day မဟုတ်ဘူး Day One ကနေပဲလုပ်ပေးမှာ။
One Day ပေါ့ လို့ပြောပြီး ဘယ်လောက်ထိ ယောင်ဝါးဝါးလုပ်နေအုန်းမှာလဲ။

တောင်ထိပ်ရောက်ဖို့ ပထမခြေလှမ်းကနေ စရတယ်။ 
ကျွန်တော်တို့ရဲ့ ရည်ရွယ်ချက်ပန်းတိုင်တွေ အတွက် Day One ကနေစရတယ်။ 

One Day ပဲပြောပြီး
Day One မစသ၍ 
ခင်ဗျားတို့ဖြစ်ချင်တာတွေ ဝေးနေအုန်းမှာပဲ။
ခင်ဗျားတို့လိုချင်တာတွေ လှမ်းကွာနေအုန်းမှာပဲ။
ခင်ဗျားတို့ရည်ရွယ်ချင်ပန်းတိုင်တွေ ဝေဝါးနေအုန်းမှာပဲ။

One Day လိုပဲပြောနေအုန်းမလား
Day One ဆိုပြီး စလုပ်မလားဆိုတာတော့
ခင်ဗျားကိုယ်တိုင်ပဲ ဆုံးဖြက်ရမှာပါ။


#heinlearn
#heinforyou
#oneday
#dayone
Share: