ကျွန်တော် လမ်းပျောက်နေလျှင်.....

​ကျွန်တော် လမ်းပျောက်နေတဲ့အခါ မျှော်လင့်ချက်တွေမယ့်နေတဲ့အခါ ဘယ်သူ့ကို အားကိုရမယ်မှန်းမသိ ခိုကိုးရာမဲ့နေတဲ့အခါ စတဲ့အခါမျိုးတွေမှာ ကျွန်တော်လုပ်ဖြစ်တာတွေကတော့


၁။ စာအုပ်ဖတ်တယ်

အထူးသဖြင့် ကျွန်တော်ကတော့ ရသစာအုပ်တွေဖတ်တယ်။ ဝတ္ထုတွေပေါ့။ အဲ့ဒီထဲမှာ အခြေနေပေါင်းစုံကို ပုံစံမျိုးစုံနဲ့သိခွင့်ရတယ်။ ဇာတ်လိုက် ဘာလို့တော်လဲ တော်ဖို့ ဘယ်လိုကြိုးစားခဲ့လဲ ဆိုတာတွေ သူရဲ့ ဘယ်လိုစိတ်ထားတွေ ဘယ်လို ခံယူချက်တွေက လူချစ်လူခင်များစေတာလဲ သူ့ရဲ့အကြင်နာတရားတွေ စတဲ့ ကောင်းတာတွေလေ့လာရသလို ဗီလိန်ဆိုရင်လဲ ဘာကြောင့် ဗီလိန်ဖြစ်သွားခဲ့ရတယ်ဆိုတာတွေ ဘယ်လိုဆင်ခြင်ရမယ်ဆိုတာတွေ ဒါတွေကို သိခွင့်ရတယ်။ ဇာတ်ပို့ ဇာတ်ရံတွေရဲ့ အကြောင်းတွေ မိသားစုတွေအကြောင်း သူငယ်ချင်းစိတ်ထားတွေအကြောင်း စတဲ့ လူတွေရဲ့ စရိုက်လက္ခဏာတွေ ကို ရသစာပေတွေထဲကနေ လေ့လာခွင့်ရတယ်။ ဒီစာအုပ်တွေထဲကပဲ အားကျရတာတွေရှိတယ် အားတက်ရတာတွေရှိတယ် အတုယူရတာတွေရှိတယ် ဝမ်းနည်းရတာတွေရှိတယ် ပီတိဖြစ်ရတာတွေရှိတယ်။ 

စိတ်နေစိတ်ထားနဲ့ပတ်သက်တဲ့စာတွေ Personal Development နဲ့ဆိုင်တာတွေ Self-help motivation စတာတွေအစုံပါပဲ ကိုယ်နဲ့ အဆင်ပြေတာတွေ ကိုစိတ်နဲ့ တိုက်ဆိုင်တာတွေဖတ်ဖြစ်တယ်။


၂။ Audio book တွေနားထောင်တယ်၊ စာပေဟောပြောပွဲတွေနား ထောင်တယ်။

သူကလဲ စာဖတ်ခြင်းတစ်မျိုးပါပဲ တစ်ခုခုလုပ်နေတဲ့အခါမျိုးတွေမှာ တခြားကို စိတ်အာရုံလွှင့်မသွားအောင် မကောင်းတဲ့ အတွေးတွေ ဝင်မလာအောင် Audio book တွေ စာပေဟောပြောပွဲတွေ ဖွင့်ပြီး နားထောင်ဖြစ်တယ်။


၃။ စကားပြောတယ်

ကိုယ့်ထက်အဆင်ပြေနေတဲ့သူတွေ ပျော်နေတဲ့သူတွေ တက်ကြွနေတဲ့သူတွေ ကိုယ့်ထက်သာတဲ့သူတွေနဲ့ စကားပြောတယ်။ အတုယူစရာတွေရှိယူတယ်။ 

ကိုယ်လိုလူတွေနဲ့ပြောတယ်။ ကိုယ်ဘာမှားနေလဲ သင်ခန်းစာယူတယ် ဘာတွေပြင်ရမလဲ ကို့ကိုယ်ကို သိလာတယ်လို့ခံစားရတယ်။ အချင်းချင်းဖေးမစကားတွေက အားရှိရတယ်။

ကိုယ်လောက်မှ အဆင်မပြေတဲ့သူတွေနဲ့ပြောတယ်။ လိုအပ်တာရှိရင်ကူညီတယ်။ အားပေးစကားတွေပြောတယ် အကြံဉာဏ်တွေပေးတယ်။ စာနာဖေးမကူညီရတော့ ကို့ကိုယ်ကို တန်ဖိုးရှိသေးတယ်လို့ ခံစားရတယ်။

ကိုယ့်ထက်အတွေ့ကြုံရင့်တဲ့သူတွေ ဘဝတွေကိုဖြက်သန်းလာကြတဲ့ အသက်ကြီးတဲ့သူတွေနဲ့ပြောတယ်။ သူတို့တွေ မှားခဲ့တဲ့အမှားတွေကနေ သင်ခန်းစားရသလို အတူယူဖွယ်တွေလဲ အများကြီးရတယ်။


၄။ စာရေးတယ်၊ မျှဝေတယ်။

ကိုယ်ခံစားရတာတွေရေးဖြစ်သလို။ ကိုယ်သိလိုက်တဲ့ အသိတရားတွေ ကိုယ်တက်လိုက်တဲ့ အတက်ပညာတွေ ဒါတွေကိုမျှဝေဖြစ်တယ်။ 

ကိုယ့်ခံ ယူချက်တွေကို မျှဝေဖြစ်တယ်။


၅။ အလုပ်လုပ်တယ်။

အားမနေအောင် အလုပ်တွေလုပ်တယ်။ အလုပ်လုပ်တဲ့အတွက် Task တစ်ခုပြီးတိုင် Achievement ရတယ်။ အဲ့ Achievement ကနေ ကိုယ့်ကိုကိုယ် စိတ်ကျေနပ်မှုရစေတယ်။ နေပျော်စေတယ်။ ပိုက်ဆံလဲရတယ်။


ကျွန်လဲ အားလုံးကိုတစ်ပြိုင်တည်း မလုပ်နိုင်ပါဘူး။ စိတ်ဓာတ်ကျတဲ့အခါ လမ်းပျောက်တဲ့အခါ စိတ်ညစ်တဲ့အခါ ဘဝကနေမပျော်လာတဲ့အခါ ဒါမျိုးတွေ ဖြစ်ရင် လုပ်ဖြစ်တဲ့အရာလေးတွေကို မျှဝေတဲ့သဘောပါ။ အကျိုးတစ်စုံတစ် အထောက်အကူဖြစ်ခဲ့ရင်ပဲ ကျေနပ်မိပါတယ်ဗျာ




Share: