လုပ်ချင်တာပဲ သိတဲ့ လူငယ်တွေ......

 ကျွန်တော်တို့ ညီကိုနှစ်ယောက် ကျော်(ကဖေး) အတွက် ဆိုင်းဘုတ်လုပ်နေကြရင်း မကျေနပ်တာကိုပြောနေကြတယ်။ အဲ့ဒါကဘာလဲဆိုတော့ ဆိုင်တွေ ရုံးတွေ ‌သင်တန်းကျောင်းတွေ စတာတွေ အသစ်ဖွင့်ကြတော့မယ်ဆိုရင် ဆိုင်းဘုတ်လုပ်ပြီးတာနဲ့ ဘာလို့ ဆိုင်းဘုတ်ကို ပြန်အုပ်ထားကြလဲဆိုတာကိုပဲ။ ဆိုင်းဘုတ်ကို မအုပ်ထားရင် ကြော်ငြာပြီးလဲဖြစ်မယ်။ ဖြက်သွားဖြက်လာတွေလဲ မြင်တော့သိမယ်။ တစ်ဆင့်ပြန်ပြောရင် ဒါဟာကြော်ငြာပြီးသားဖြစ်တာပေါ့။ ငါတို့ ကျော်(ကဖေး) အတွက် ဆိုင်းဘုတ်လုပ်ပြီးရင် ဆိုင်းဘုတ်ကို ဘာနဲ့မှမအုပ်ဘူး ဒီတိုင်းဖွင့်ထားမယ်ဆိုပြီး ပြောကြတယ်။ တကယ်လဲ ဆိုင်းဘုတ်ထောင်ပြီးရော့ ဘာနဲ့မှမအုပ်ဘူး ဒီတိုင်းထားလိုက်တယ်။ မီးတွေ ဘာတွေနဲ့ ကိုယ့်ဘာသာကို ပီတိတွေဖြစ်လို့။ 

အဲ့လိုနဲ့ဆိုင်ဖွင့်ရက်ရောက်တော့ ပုံမုန်အလုပ်လုပ်ကြပေါ့။ အဲ့ဒီမှာသတိထားမိတာက တစ်ပတ်လောက်ထိ မိတ်ဟောင်းတွေလာတာသိပ်မတွေ့ရဘူး။ မိတ်ဆွေအရင်းတွေ လာတာမတွေ့ရဘူး။ ‌တစ်ပတ်ကျော်လောက်ကြာပြီဆိုမှ အသိဉီးလေးတစ်ယောက်ရောက်လာပြီး စကားပြောတယ်။ 

ငါတို့ကမဖွင့်ခင်က လာတယ်ကွ မဖွင့်သေးဘူးဆိုလို့။ ဆိုင်းဘုတ်က မဖွင့်ခင်ကလဲ ဒီတိုင်း ဖွင့်ပြီးတော့လဲ ဒီတိုင်းဆိုတော့ ခုထိမဖွင့်သေးဘူးထင်နေတာ ဟိုနေ့က အသိတစ်ယောက်က ဖွင့်ပြီလို့ ပြောလို့ခုလာခဲ့တာ တဲ့။

အဲ့တော့မှ ဆိုင်းဘုတ် ဘာကြောင့်ပိတ်ထားကြလဲဆိုတာ နားလည်သွားတော့တယ်။ ဆိုင်းဘုတ်တွေကို ကလကာကြီးတွေ ပိတ်ထားတာ တခြားဘာရည်ရွယ်ချက်တွေ ရှိသေးလဲတော့ မသိပေမယ့် လက်တွေ့ဆန်တဲ့ သာဓကတော့နားလည်လိုက်တာပါပဲ။ အဲ့ဒါနဲ့ ဖုန်းနံပတ်ရှိတဲ့သူတွေ ကိုဖုန်းဆက်အကြောင်းကြား အချင်းပြောပေးဖို့အကူညီတောင်းရင်နဲ့ ဆိုင်ဖွင့်တာလူသိအောင် လုပ်ကြတယ်။

ကျွန်တော်တို့ ညီကိုနှစ်ယောက် လူငယ်သဘာဝလုပ်ချင်တယ် စမ်းသပ်ချင်တယ်။ အကျိုးဆက်အနေနဲ့ဘာတွေ ဖြစ်မလဲ သေချာတော့မသိဘူး။ မှန်ခဲ့ရင် လက်မထောင်ပြီးဂုဏ်ယူမယ်။ မှားခဲ့ရင် သင်ခန်းစာယူမယ် အမှားကိုပြင်ပြီီး ပိုကောင်းအောင်လုပ်မယ်။ 

ကျွန်တော်တို့က လူငယ်တွေ ဖြစ်တယ်။ လုပ်ချင်တယ်စမ်းသပ်ချင်တယ်။ အကျိုးဆက်တွေကိုလဲ ရင်ဆိုင်ဖို့ပြင်ဆင်ထားတယ်။ လုပ်ခွင့် စမ်းသပ်ခွင့်ပြုကြပါ။ မှားနေရင်လဲ ပြင်ပေးကြပါ။ 

ကျွန်တော်တို့က လူငယ်တွေပါ။ လုပ်ချင်ကိုင်ချင်ဆိုင်စိတ်နဲ့ တိုးတက်ချင်စိတ်အပြည့်ရှိကြပါတယ်။






Share: