ငယ်ငယ်က အိမ်တစ်လုံး ပိုင်ချင်တယ် အိမ်လေးမှာ Bar လေးတစ်ခုထားချင်တယ် ဒါပေမယ့် အဲ့လိုဖြစ်ဖို့ဆို ရင် အချိန်တစ်ခုပေးရမယ် အိမ်ပိုင်ချိန်မှာ ကိုယ်ပိုင် Bar မှာထိုင်ရတဲ့ ခံစားချက်က ခုလောက် ခံစားမှုတွေ မလက်ဆတ်နိုင်ဘူး
ခုလက်ရှိ မန္တလေးမှာ လုံးချင်း အိမ်လေးငှားလိုက်တယ် အိမ်အပေါ်ထပ်မှာ ဝရံတာ ရှိတယ်။ ညနေနဲ့ ညဆို လေတဖြူးဖြူး နဲ့။ အိမ်မှာလဲ အိမ်ဆောင်တုန်းကပိုတဲ့ ခြောက်ထပ်သားတွေရှိနေတယ် အဲ့ထဲမှာမှ ခြောက်ထက်သားကိုစိတ်ထားတဲ့ အပြားလေးရှိတယ်။ အဲ့အပြားလေးက ဝရံတာနဲ့ ကွက်တိပဲ အဲ့အပေါ်ကို သံနဲ့ရိုက်လိုက်တော့ Table ပုံဖြစ်လာတယ် ထိုင်ဖို့ ထိုင်ခုံဝယ်လိုက်တယ် အဲ့တော့ ကိုယ့်အတွက် Mini Bar လေးရလာတယ်။ ညနေနဲ့ညဆို ကော်ဖီတစ်ခွပ်နဲ့ စာဖတ်တယ် အလုပ်လုပ်တယ် တခါတလေ Budwiser လေးနဲ့ ဇာတ်ကားကြည့် လပြည့်ညတွေဆို လကိုကြည့်ရင်း ဆွေးစရာရှိတာဆွေး လွမ်းစရာရှိတာ လွမ်းပေါ့။ ကျွန်တော်ရဲ့ Mini Bar ဟာ ပြီးပြည့်စုံတဲ့ Bar တော့မဟုတ်ဘူးပေါ့ ဒါပေမယ့် အဲ့မှာထိုင်နေရတဲ့အချိန်ကတော့ ကျွန်တော့အတွက် ပြီးပြည့်စုံတဲ့ ခံစားမှုကို ခံစားသွားရစေတယ်။
ခုလဲ ကျွန်တော်ရဲ့ Relax Bar မှာထိုင်ရင်း ပို့စ်တင်လိုက်ပါတယ်ဗျာ။
ကျွန်တော့် ဘားလေးကိုကြည့်ပြီး စဉ်းစားမိတာက
ပန်းတိုင်ဟာ လမ်းပဲ နေရာတစ်ခု အရာဝတ္ထုတစ်ခု မဟုတ်ဘူး။
ကျွန်တော်တို့လိုချင်တဲ့ အရာ ရောက်ချင်တဲ့ နေရာ ဖြစ်ချင်တဲ့ ပန်းတိုင်တွေကို သွားကြတဲ့အခါ သွားနေတဲ့လမ်းဟာ ပျော်နေဖို့လိုအပ်တယ် စိတ်ကျေနပ်နေဖို့လို အပ်တယ် ထိုအရာကို ဘယ်လို ရှာရမယ်ဆိုတာကိုလဲ သိဖို့လိုအပ်တယ်
အားလုံးပြည့်စုံမှဆိုရင်
အသက်ခြောက်ဆယ်ကျော်မှ
ကလေးကစားစရာအရုပ်နဲ့ ကစားနေရတော့မပေါ့။