မိန်းမသား

မိန်းမသား💛👑💛



💫မိန်းမများသည် ယောက်ျားများထက် 
လောကဓံကို ကြံ့ကြံ့ခံရင်ဆိုင်တတ်ကြသည်

💫အကြောင်းတစ်စုံတစ်ရာ ပေါ်ပေါက်လာလျှင်လည်း
ဖြေရှင်းနိုင်စွမ်းရှိကြသည်

💫စိတ်နုသည်ထင်ရပေမဲ့ တကယ်တမ်းတော့ 
ကြံ့ကြံ့ခံနိုင်သူတွေပါ

💫အယုံအကြည်လွယ်၊ အင်အားနွဲ့တာကြောင့်
မိန်းမများဟာလုပ်သမျှအရာမထင်၊
ထင်သလောက်အသိအမှတ်ပြုခြင်းမခံရပါဘူး

💫အပျိုတစ်ယောက်ကို လူပျိုတစ်ယောက်က
ချစ်ကြောင်း၊ကြိုက်ကြောင်၊မြတ်နိုးရကြောင်း
ပြောလျှင် ထိုအပျိုသည် ဦးနှောက်ရော နှလုံးသားပါ
ထည့်သွင်းစဉ်းစားရပါတယ်

💫မိန်းမများဟာ များသောအားဖြင့် စိတ်နူးညံ့
ပျော့ပျောင်းလွယ်တာကြောင့် ထိုအားနည်းချက်ကို
အပိုင်ဆုပ်ပီး အခွင့်အရေးယူတတ်တာတော့ 
ယောက်ျားဆိုးတွေပေါ့

💫အတုအယောင်၊ အလိမ်အညာနဲ့ မုသားချိုချိုတွေက
ဓားသွားထက်က ပျားရည်စက်လိုပါပဲ

💫အဲ့ဒီမုသား ချိုချိုတွေကပဲ အယုံအကြည်လွယ်တဲ့၊
နူးညံပျော့ပျောင်းတဲ့ မိန်းမသားတွေရဲ့စိတ်ကို
အုပ်မိုးခဲ့တာပေါ့

💫အဲ့တော့ကျွန်မတို့ မိန်းမသားတွေက ယောက်ျားတွေနဲ့
ယှဉ်ရင် ဘယ်အရာနေနေ အပွန်းအပဲ့တွေချည်းပါပဲ

💫ဒါကြောင့်လူကြီးသူမတွေယောက်ျားသားတွေကို
ပြောတာကတော့ "မင်းတို့အိမ်ထောင်ပြုတာက
လက်တွဲဖော်ကို ယူတာလား၊အိမ်ဖော်အခိုင်းအစေကို
ယူတာလား"တဲ့
အရမ်းကိုနက်ရှိုင်း ထိမိပြီး ကျယ်ပြန့်တဲ့စကားလေးပါ

💫အိမ်ထောင်ပြုကြတာကတော့ ရှေးရေစက် ဖူးစာ
ဆိုတာမငြင်းလိုပါဘူး
ပထမ အချက်အနေနဲ့ မိန်းမသားတွေဟာ
အိမ်ရဲ့ဝေယျာဝစ္စ၊သန့်ရှင်းရေးကို နိုိုင်အောင်လုပ်ကြ
ရတယ်

💫အိမ်သားတွေရဲ့အဝတ်အစား အသုံးအဆောင်တွေကို
ပြုပြင်ထိန်းသိမ်းရတယ်
အိမ်သားတွေရဲ့ အကြိုက်ဟင်း စသည်တို့ကို
ရှိသမျှပိုက်ဆံနဲ့ လောက်အောင်သုံးရတယ်

💫အမြဲခေါင်းထဲမှာ စာရင်းတွေ ၊အရှုပ်တွေ ၊ပူပန်မှုတွေ
အကြောင်း ကိစ္စတွေပြည့်နေတာက မိန်းမသားတွေပါပဲ

💫ငွေက ဒုတိယ ဘုရားသခင်ဆိုတာ အမှန်ပါပဲ
ငွေမရှိရင် ကြာရှည်စွာ မတည်မြဲနိုင်ပါဘူး
ဘယ်လောက်ပဲအချစ်တွေရှိပါစေ
ငွေမရှိရင် တည်မြဲပါဦးမလား

💫ဒါကြောင့်ကျွန်မတို့ မိန်းမသားတွေဟာ
ယောက်ျားတွေ အုပ်စိုးမှုမှ မခံရအောင်
အိမ်ထောင်ရှိလည်း ပွဲတက်မယားဖြစ်ဖို့
မရှိလည်း ငါသာဘုရင်မဖြစ်ဖို့ဆိုပီး
ထက်မြက်လာအောင် ကြိုးစားကြရပါတယ်

💫အဘက်ဘက်ကထူးချွန်လာအောင် 
အများနဲ့ရင်ဘောင်တန်းနိုင်အာင်လည်း
ကြိုးစားကြရပါတယ်

💫ရင့်ကျက်တဲ့မိန်းမ တစ်ယောက်ဟာ အရာရာကို
ကြံ့ကြံ့ခံနိုင်လာတယ်
ဘယ်အရာနေနေ အံတု၊စိန်ခေါ်နိုင်လာတယ်
မိတ်ဆွေတွေနဲ့ ဆိုတောင် အတွေးအမြင်၊ဗဟုသုတတွေအကြောင်းပဲ ပြောလာတယ်
စကား အပြောအဆိုက အက္ခရာပါပဲ
အပြောအဆို အမူအရာတွေကို ကြည့်ပီး 
ခွဲခြားနိုင်ပါတယ်


💫စိတ်ဓာတ်ပျော့ညံ့ပီး အရာရာမတွေးမျှော်တဲ့
မိန်းမဟာ
အားကိုးရာရှာကြပါတယ်
အားကိုးရာ ယေက်ျားကိုရှာပီး ဘဝကိုဒီလိုပဲ
အဆုံးသတ်သွားပါတယ်

💫ရင့်ကျက်တဲ့မိန်းမသားကတော့ အမှန်ဆိုရင်
ယောက်ျားဆိုတာကို မလိုအပ်တော့ပါဘူး
ယူခဲ့ရင်လည်း ဦးနှောက်နဲ့ နှလုံးသားချင့်ချိန်ပြီး
ယူတတ်ကြပါတယ်

💫"အမေနဲ့တူသော ဇနီးကို ရှာကြပါ" လို့တောင်
လူကြီးများကပြောခဲ့တဲ့ စကားရှိတယ်

💫"မိန်းမမာယာ သဲကိုးဖြာ"တဲ့
ဟုတ်ပါတယ် မိန်းမတွေဟာ မာယာရှိကြပါတယ်
ကောင်းတဲ့မာယာရှိသလို ဆိုးတဲ့မာယာလည်း
ရှိတယ်
တစ်ချို့မာယာတွေက လိုချင်တပ်မက်မှုကြောင့်ဖြစ်ပီး
တစ်ချို့ကတော့ခိုင်လုံတဲ့အကြောင်းပြချက်၊ပူပန်မူတွေနဲ
့ကောင်းတဲ့မာယာပေါ့
မိန်းမတွေဟာ စကားများကြတယ်ပေါ့
အဲ့ဒါကတော့ယောက်ျားတိုင်း မုန်းနေတဲ့
အကြောင်းအရာကြီးပေါ့
စကားများတာကလည်းအကန့်နဲ့ပါ

💫ဒီတိုင်းပေါက်ပေါက်ဖောက်နေတာ 
အကြောင်းမရှိအကြောင်းရှာပြောနေတာတော့
တစ်မျိုးပေါ့

💫တစ်ချို့ကျတော့ ကောင်းစေချင်တယ် ချစ်တယ် 
ပူပန်တယ်၊စိတ်ဖိစီးမှုတွေ များလာရင်တော့
ကိုယ့်ရဲ့မိတ်ဆွေတွေနဲ့ဝေမျှတာပေါ့

💫အမုန်း၊အငြိုးကြီးတာလည်း မိန်းမသား
ဘာသာရေးပိုလုပ်တာလည်း မိန်းမသား
ကြံ့ကြံ့ခံရင်ဆိုင်နိုင်တာလည်း မိန်းမသား

💫ဪ...မိန်းမတို့ရယ်
ရေးရင်တောင်မကုန်နိုင်တဲ့ မိန်းမ
စိတ်အမျိုးမျိုး၊ စရိုက်အမျိုးမျိုး၊ အသွင်အမျိုးမျိုးရှိတဲ့
မိန်းမ
များပြားထွေလာ ဆန်းပြားတဲ့ 
မိန်းမသားတွေပကား...

💫💫💫ကျွန်ုပ်သည် ရင့်ကျက်သော မိန်းမသား
ဖြစ်အောင်...
ကြိုးစားနေပါသည်
များစွာသော မိန်းမသားတွေထဲကမှ 
ကျွန်ုပ်မိန်းမသားသည်
လောကကို အကျိုးပြုနိုင်သော မိန်းမသားကောင်းတစ်ယောက်ဖြစ်အောင်ကြံဆောင်ပါမည်
ဘုရင်မသို့မဟုတ် မင်းသမီးဖြစ်လာစေရမည်

​💫​💫​💫Kyal Sin Thway​💫​💫​💫




Share: