ထွန်းလင်းတောက်ပအလင်းဆောင်တဲ့...
နေမင်းကြီးရေ.....
နွေဦးရာသီရောက်ပေသော်လည်း
လောဘ၊ဒေါသ၊မောဟ အပူများနဲ့
အတောမသတ် နိုင်တဲ့လူသားတွေကြောင့်
အငြိုးမာန်များနဲ့ ပူပြင်းစေပါသလား....
နေမင်းကြီးဒဏ်အံမတုနိုင်၍.....
ရှိသမျှရေလည်းခန်းလုပါပြီ.....
ရှိသမျှ အရွက်လည်းကြွေကုန်ပါပြီ.....
တောမီးတွေလည်းလောင်လှပါပြီ.....
သတ္တဝါ တွေလည်း ကပ်ဘေးဆိုက်လုနီးပါပြီ.....
ဤဒုက္ခအပေါင်း မခံစားနိုင်တော့တာမို့..
အမုန်းမာန်တွေလျှော့ချရင်း...
အပူဒဏ်တွေလျှော့ချပေးပါ......
ပြန်လည်ထူမတ်စိုပြည်အောင်ကြိုးစားရင်း..
ပိုမိုသာယာလာမည့် လောကသစ်ကိုမျှော်မှန်းရင်း....≧◔◡◔≦☀☀☀
ကြယ်စင်သွေး
March 23,2019
8:45 PM