မေမေ

မေမေ💕💕💕



ဒီနေ့ ဟာအမေများကိုလေးစားဂုဏ်ပြုတဲ့နေ့လေးပါ
သမီးမေမေ့ကိုကန်တော့လိုက်ပါတယ်🙏🙏🙏
မေမေကလည်း ဒီနေ့မှစ၍ နောင်နှစ်ပေါင်းများစွာ
တိုင်အောင်ချစ်သောသားသမီးများနဲ့ဘဝကိုအပူ
အပင်ကင်းမဲ့စွာကျော်ဖြတ်နိုင်ပါစေ💕💕
သမီးတို့ကိုမွေးပေးခဲ့တဲ့မေမေ့ရဲ့ဂုဏ်ကျေးဇူးက
ဆပ်လို့ကုန်မှာမဟုတ်ပါဘူး။သမုဒ္ဒရာကြီးသာ
တစ်ချိန်ချိန်မှာခမ်းကောင်းခမ်းနိုင်တယ်👍👍
မေမေ့ရဲ့ကရုဏာမေတ္တာတွေကတော့ကွယ်ပျောက်
မသွားမှာတော့အမှန်ပါပဲ👍👍
ပြာသိုလ ပြည့်နေ့ကိုအမေများနေ့လို့သတ်မှတ်
ဂုဏ်ပြုကြပေမယ့်လည်းသမီးရဲ့ရင်တွင်းမှာတော့
👉အမေများနေ့ 👈ဟာနေ့တိုင်းပါပဲ💥💥💥
မေမေ့ရဲ့ဆုံးမစကားတွေ၊အားပေးမှုတွေ၊ဂရုစိုက်မှု
တွေနဲ့မေမေ့ရဲ့ကြည်လင်လှတဲ့မျက်နှာ၊အပြုံးကလေးတွေကိုသမီးအမြဲအမှတ်ရနေပါတယ်✨✨
ချစ်ဖို့ကောင်းတဲ့မေမေဟာတစ်မျိုးလုံးရဲ့ချစ်မြတ်နိုး
မှုတွေကိုပိုင်ဆိုင်ထားရသူပါ💫💫စိတ်ထားကောင်း
ပြီးအကူအညီပေးဖို့ကိုလက်မနှေးတတ်သူပါ💗💗
နောက်ပြီးမေမေဟာ လွယ်လွယ်နဲ့လက်မလျှော့တတ်ဘဲစိတ်ဓာတ်ကြံ့ခိုင်သူတစ်ယောက်ပါ🔮🔮🔮
သမီးမေမေ့ဆီကအမွေရတာကကတော့..
စိတ်ကောက်တတ်တာလေ😉😉😉
တစ်ခါတစ်ရံ မေမေကသမီးတို့ကိုစိတ်ဆိုးတာလေ💫
အဲ့တော့အရမ်းချစ်လွန်းတဲ့ဒီသားသမီးတွေကပဲ
ပြန်ချော့ရတာပေါ့💖💖💖
ညဆိုရင်မေမေကသမီးတို့ကိုဆုံးမစကားတွေ၊
ငယ်ဘဝအကြောင်းတွေ၊ဗဟုသုတတွေမျိုးစုံ
ပြောပြနေကျပါ🎐🎐ဆုံးမပြီဆိုရင်လည်း
အော်ဟစ်ရိုက်နှက်ပြီးမဟုတ် လေသံအေးအေးလေးနဲ့နားဝင်အောင်ပြောပြတတ်သူလေးပါ🎑🎑🎑
စာအရမ်းဖတ်ပြီးကြွယ်ဝထက်မြက်လွန်းတဲ့မေမေ့
ကြောင့်သမီးလည်းစာပေကိုချစ်မြတ်နိုးခဲ့ရပါတယ်
သူငယ်ချင်း ပေါင်းပေါင်းပြီးမောင်နှမတွေလိုမျိုး
လည်းနေခဲ့ကြပါတယ်💕💕
သမီးတို့အတွက်ဘာမှစိတ်မပူပါနဲ့မေမေ💗မောင်လေးကိုလည်းသမီးယုံပြီးသမီးကိုယ်သမီးလည်းယုံပါ
တယ်🍃🍃🍃ဒါကြောင့်စိတ်မပူပေးဘဲယုံကြည်ပေး
ပါမေမေ💐💐💐သမီးတို့ကမေမေ့မျက်နှာတစ်ချက်
မပျက်စေရအောင့်တစ်စိမ့်စိမ့်ကြည့်နေရသူတွေပါ
သမီးစာကြိုးစားနေပါတယ်🔥🔥🔥
မေမေ့ကိုအရမ်းချစ်တယ်😘😘မေမေ့ရဲ့သမီးဖြစ်ရတာဂုဏ်ယူမဆုံးပါပဲအရမ်းပျော်တယ်😉😉😉
သမီး နဲ့မောင်လေးကမေမေ့ကိုအမြဲဦးထိပ်ထား
လျှက်ပါ.....🌿🌿🌿💕💕💕
ကြည်နူးပျော်ရွှင်ပါစေမေမေ.........
                             💫💫  မေမေ့ရဲ့ချစ်သမီးလေး💕 💗
Share: