ကမ္ဘာဦးကတည်းက
အလကားရတဲ့လေကို
ငါတို့အလှည့်ကျတော့ ပိုက်ဆံပေးရှူရတယ် ။
ဒီရာသီဟာ
သာမန်တုတ်ကွေးဖြစ်တဲ့ကောင်တောင်
ဆေးခန်းဝင်ရင် မျက်နှာငယ်ရတာပဲ ။
ညှော်လုပ်ရင်
ဟင်းခပ်ပို့နေကျအိမ်နီးချင်းတွေလည်း
တစ်အိမ်နဲ့တစ်အိမ်ငဲ့စောင်းတောင် မကြည့်ဝံ့ကြ ။
သတိထားသူငယ်ချင်းရေ ....
Mask စျေးကြီးပြီး
အသက်စျေးပေါတဲ့ တိုင်းပြည်မှာ
သေနတ်ပြောင်းတွေဟာ ဘယ်သူ့ခေါင်းကိုပဲချိန်ချိန်
ငါတို့ရင်အုံပဲနာကျင်ရမှာ မဟုတ်လား ...။
🍀မောင်ရေချမ်း ( ဧရာမြေ )