သူချစ်ရှာရမလား ကိုယ်ချစ်ရှာရမလား

 







တနေ့မှာ အပျံသင်နေရင်း ဇင်ယော်ငှက်လေးက ဇင်ယော်အိုကြီးကို မေးတယ်...

" အဖိုးခင်ဗျာ...လောကမှာ ကိုယ်က ချစ်ဘို့ လိုသလား...''

" ကိုယ်ကို ချစ်ဘို့ လိုသလား..''တဲ့။

သူချစ်ကို ရှာရမလား...💗

ကိုယ်ချစ်ကို ရှာရ မလား ဆိုတဲ့

သဘောပေါ့။

ဇင်ယော်အိုကြီးက ပြုံးပြီး ပြန်မေးသတဲ့။🙂

'' ငါတို့ရဲ ခန္ဓာကိုယ်ရဲ့ အတောင်နှစ်ဘက်မှာ ညာဘက်အတောင်က ပိုအရေးကြီးသလား...''

" ဘယ်ဘက်အတောင်ပံက ပို အရေးကြီးသလား..." တဲ့။

ဇင်ယော်လေးလဲ ဘာပြန်ဖြေရမှန်းမသိဘူးဖြစ်သွားတယ်။

တကယ်တော့ ငှက်တကောင်အတွက် အတောင်ပံ နှစ်ဖက်စလုံးက အရေးကြီးတာပဲလေ။

ဇင်ယော်အိုကြီးက အတောင်နှစ်ဖက်

ဖျန့်လိုက်ပြီး..

" ပျံမဲ့ငှက်တကောင်အတွက် အတောင်ပံနှစ်ဘက်စလုံးကိုအားပြုမှလိုရာ ခရီးရောက်သလို....''

" ရှင်သန် နေထိုင်မဲ့သူတွေအတွက်

ချစ်ခြင်းမေတ္တာတရားဆိုတာလဲ...💝

သူက ချစ်ဘို့ လိုသလို...ကိုယ်ကလည်း ချစ်ဘို့လိုတယ်...'' ပြောရင်း...

အမြင့်ကို တဟုန်ထိုးပျံတတ်သွားတယ်။

Share: