တစ်ခါတုန်းက အလွန်အိပ်ချင်နေတဲ့ ခွေးတစ်ကောင်ဟာ အလွန်အိပ်ချင်လှတာမို့ သူအိပ်လို့ရမယ့် သက်သောင့်သက်သာ အိပ်စရာနေရာ တစ်နေရာကို လိုက်ရှာနေတယ်။
နွားတင်းကုပ်ထဲမှာ ကောက်ရိုးပုံရှိတာပဲ။"ငါ ကောက်ရိုးပုံပေါ် သွားအိပ်ရမယ်''လို့ ခွေးက တွေးမိသွားတယ်။ဒီလိုနဲ့ ခွေးဟာ နွားတင်းကုပ်ရှိရာကို ခပ်သော့သော့ လမ်းလျှောက်သွားပြီး နုညံ့ချိုမြတဲ့
ကောက်ရိုးတြွေပည့်နေတဲ့ နွားစာခွက်ထဲ ခုန်တက်လိုက်တယ်။ ခွေးဟာ ကောက်ရိုးတွေပေါ်လှဲရင်း အိပ်မောကျသွားတော့တယ်။
အဲဒီအချိန်မှာပဲ နွားတစ်ကောင်ဟာ သူ့ရဲ့အစာဖြစ်တဲ့ ကောက်ရိုးကိုစားဖို့ နွားစာခွက်ရှိရာ ရောက်လာတယ်။နွားစာခွက်ထဲက ကောက်ရိုးတွေကို နွားကဆွဲစားတော့ ခွေးကိုနှိုးသလိုဖြစ်သွားသည့်အတွက် ခွေးဟာ ဒေါသတကြီးနဲ့ ဝုန်းကနဲ ခုန်ထလိုက်ပြီး
"ထွက်သွားစမ်း ကျုပ်ဒီမှာ ရှိနေတာကို ခင်ဗျားမမြင်ဘူးလား။ ဒီကောက်ရိုးတွေကို ခင်ဗျားလာမထိနဲ့''လို့ ခွေးက ခပ်စွာစွာပြောလိုက်တယ်။
နွားကလည်း "ဒီကောက်ရိုးတွေဟာ မင်းအတွက် အသုံးမလိုပါဘူးကွာ။မင့်က ကောက်ရိုးတွေကို
စားတာမှမဟုတ်ဘဲ''လို့ နွားကပြောလိုက်တယ်။
"အဲဒါ ဘာဖြစ်လဲဗျာ။ကျုပ်ခင်ဗျားကိုလည်း စားခွင့်မပေးနိုင်ဘူး''လို့ဆိုပြီး တစ်ကိုယ်ကောင်းဆန်လှတဲ့ ခွေးသတ္တဝါငယ်ဟာ ကောက်ရိုးတွေပေါ်မှာ
ခွေခေါက်ပြီး ပြန်အိပ်တယ်။ ဒီတော့ နွားဟာ ကျန်တဲ့နွားတွေဘက်ကို လှည့်ပြီး တော်တော် တစ်ကိုယ်ကောင်းဆန်တဲ့ ခွေးပဲ။
သူကိုယ်တိုင်လည်း ကောက်ရိုးစားလို့ မရဘဲနဲ့ တစ်ပါးသူတွေကိုလည်း
စားခွင့်မပေးဘူး''လို့ဆိုလိုက်တယ်။
နွားတွေ အားလုံးဟာ စက်ဆုပ်ရွံရှာတဲ့ အကြည့်နဲ့သာ ခွေးကို ကြည့်နေရှာရတော့တယ်။
ကျွန်ုပ်တို့ လူမှု့နယ်ပယ် ပတ်ဝန်းကျင်မှာလည်း တစ်ချို့သောလူတွေဟာ ကိုယ်လည်းခေါင်းမဆောင်တက် ခေါင်းဆောင်တက်သောလူကိုလည်း နေရာမပေးချင် ကိုယ်လည်းအများအတွက် မဆောင်ရွက်နိုင်
ဆောင်ရွက်နိုင်သူကိုလည်း ဦးဆောင်ခွင့်မပေးတဲ့ လူမျိုးတွေကို တွေ့နေရတော့ သြော် ဒီလူတွေဟာ နွားစာခွက်ထဲက ခွေးလို မကျင့်ကြံရင် အရမ်းကောင်းမှာပဲလို့ တွေးမိရုံမှတစ်ပါး……………။