ကျေးဇူးရှိနေခြင်း

 







တခါတုန်းက ရွာတစ်ရွာမှာ သစ်ခုတ်ပြီး အသက်မွေး၀မ်းကျောင်းလုပ်တဲ့

သူတစ်ဦးရှိတယ်

သစ်ခုတ်သမား ရဲ့ အိမ်ဘေးမှာ

လက်သမားဆရာတစ်ယောက်ရှိတယ်

သူတို့နှစ်ဦးက အလွန်းရင်းနှီးကြသလို

စီးပွားရေးမိတ်ဖက်လို့လည်းပြောလို့ရတယ်

သစ်ခုတ်သမားခုတ်လို့ရတဲ့သစ်တွေကို

လက်သမားဆရာက ဝယ်ယူပြီးခွဲခြမ်းစိတ်ဖြာတယ်ပြီးတော့ သူ့ရဲ့အလုပ်မှာ အသုံးပြုတယ်

သုံးမရလို့ ထွက်လာတဲ့ပကာတွေကို

သစ်ခုတ်သမားပြန်ပေးရပြီး သစ်ခုတ်သမားက ထင်းအဖြစ်ပြန်ရောင်းရင်း သူ့တို့နှစ်ယောက် စီးပွားရေး မိတ်ဖက်ဖြစ်လာတယ်။

တနေ့ကြတော့ သစ်ခုတ်သမားရဲ့မိန်းမကို

လက်သမားဆရာရဲ့ မိန်းမက တကယ်တော့

နင့်တို့လင်မယား ငါတို့လင်မယားကို

ကျေးဇူးတင်သင့်တယ်

ဘာလို့လဲဟ

ဟုတ်တယ်လေ ငါ့ယောက်ျားက

နင့်ယောက်ျားခုတ်လာတဲ့ထင်းတုံးတွေကို

သစ်ခွဲစက်မှာခွဲဖို့ ပိုက်ဆံပိုပေးပြီးဝယ်တယ်

ခွဲလို့ ပိုတဲ့ပကာသား တွေကိုလည်းနင့်ယောက်ျားကိုပြန်ပေးတယ်လေ...အဲ့တော့နင့်တို့မိသားစု

အရင်ကထက်ပိုအဆင်ပြေလာတာ ငါ့ယောက်ျားကြောင့်မဟုတ်လို့ ဘယ်သူ့ကြောင့်လဲ။

ဒါနဲ့ သစ်ခုတ်သမား ရဲ့မိန်းမက ညရောက်တော့

ယောက်ျားးဖြစ်သူကိုအကျိုးအကြောင်းပြောပြပြီး

မေးတော့...သစ်ခုတ်သမားက ပြောပြတယ်

မိန်းမ ရေရရှိဖို့ ရေတွင်းတူးရတယ်

အဲ့ရေက မြေအောက်ကတူးရပေမယ့်

ရေဘယ်လောက်မြင့်မြင့် မြေဆိုတဲ့ကြမ်းပြင် ရှိရပြန်တယ်အားလုံးဟာ အပြန်အလှန် ပဲမိန်းမရယ်

ဘာမဟုတ်တဲ့မခံချင်စိတ်နဲ့ ခိုင်ခံ့တဲ့အရာတွေကို

မပျက်စီးပါစေနဲ့ လို့ပြောပြီး ထွက်သွားတယ်

အဲ့အကြောင်းကို နောက်တော့

လက်သမားဆရာသိသွားတယ်

နောက်နေ့ကြတော့လက်သမားဆရာက

သူ့အမျိုးသမီးကိုခေါ်ပြီး သစ်ခုတ်သမားဆီက ပျဉ်းကတိုးသား ကို ယခင်သစ်တုံးတွေထက် စျေးနှစ်ဆပေးပြီးယူလိုက်တယ် ပြီးတော့ သစ်သားခွဲပြီး ဗီရိုကြီးကြီးတစ်လုံးရိုက်တယ်

ကနုတ်ဖော်တာတွေ ပေါ်လစ်တင်တာတွေပါ လုပ်တယ် အားလုံးပြီးတော့ သူ့သွင်းနေကြ ဆိုင်ကိုသွားတယ် ဗီရိုရဲ့အသားကိုကြည့်တယ် လက်ရာကိုကြည့်တယ် ဆိုင်ရှင်က သဘောကျပြီး လက်သမားဆရာခေါ်တဲ့စျေးနဲ့ ယူလိုက်တယ်

သူသစ်တုံးကိုဝယ်တုန်းက

ဘယ်လောက်မှမပေးရပေမယ့်

သူရဲ့အတတ်ပညာနဲ့ပေါင်းစပ်ပုံဖော်ပြီးချိန်မှာတော့

သစ်တုံးကိုသူပေးဝယ်ရတဲ့စျေးထက်

ဆယ်ဆလောက်အမြတ်ကျန်တယ်

မိန်းမ ငါ သစ်ခုတ်သမားရှိက ဝယ်တုန်းက

မင်းကစျေးပိုပေးလို့ဆိုပြီး ငါ့ကိုပြောတယ်

ခု ငါရောင်းလို့ပြန်ရတဲ့ပိုက်ဆံနဲ့တွက်ရင်

သစ်ခုတ်သမားစီက ငါဝယ်လိုက်တာစျေးမများဘူးလေ

တကယ်တော့ သစ်ခုတ်သမားဟာ

ငါ့အတွက်ကျေးဇူးရှင်ပဲ

အဲ့လိုပဲ မနက်ဖြန် ခုရောင်းလိုက်တဲ့

ဗီရိုကိုပြန်လာမေးကြည့်ပါ

ငါတို့ရောင်းတဲ့စျေးထက်သုံးဆဖြစ်နေပါလိမ့်မယ်မိန်းမ။

ဘယ်လောက်တော်တဲ့ပန်းပုဆရာဖြစ်ပါစေ

ထုဆစ်စရာ မရှိရင်သူ့ပညာဟာအလကားပဲ

အဲ့လိုပဲ ထုဆစ်စရာသစ်တုံးရှိပါရက်နဲ့

ထုဆစ်ပုံဖော်တဲ့အတတ်ပညာမရှိခဲ့ရင်လည်း

သစ်တုံးဟာ တံတားတစ်ခု ထင်းတစ်ခုသာဖြစ်နေမှာပဲ

အားလုံးဟာအပြန်အလှန်ကျေးဇူးပြုကြရတယ်

အဲ့လိုအပြန်အလှန်မှီခိုကြရင်း ကိုယ့်အတတ်ပညာကိုပေါင်းစပ်ကြတယ် အဆင်ပြေအောင်လုပ်ကိုင်ကြရတယ်

ဥပမာ မင်းစျေးသွားတယ်

ရောင်းမယ့်သူရှိလို့ ဝယ်တဲ့သူရှိတာ

အဲ့လိုပဲ ဝယ်တဲ့သူရှိနေလို့ ရောင်းတဲ့သူတွေ

ရောင်းနေကြတာပါ

မာနတစ်ခုကိုအခြေခံပြီး

ကိုယ့်ကိုယ်ကို အမြင့်ဆုံးမမှတ်ပါနဲ့

ကျေးဇူးဆိုတာ လွယ်လွယ်ပြောရရင်

ကိုယ့်ရဲ့အကျိုးကိုလိုလားသူ

ကိုယ့်ရဲ့အကျိုးကိုဖြစ်ထွန်းစေလူအားလုံးဟာ

ကျေးဇူးရှိနေတာပါ။ 

Share: