တစ်နေ့တာကို အစပြုရဦးမယ်.....
နိုးတဲ့အချိန်က မနက် 10နာရီပတ်ချာလည်......
"မိန်းကလေးဖြစ်ပြီး စောစောမထဘူးဆိုဘူး" မိုးလင်း 6နာရီကျော်တာနဲ့ ဆူပူနှိုးတဲ့ ဘဘအသံလဲမကြားရဘူး.........
ကိုယ့်စိတ်ကြိုက်ထပြီး မြင်နေကျ မျက်နှာကျက်ကြီးက အိမ်ကမျက်နှာကျက်ကြီးလိုတော့ မနွေးထွေးလှဘူး........
နိုးလာတာနဲ့ အသင့်စားရတဲ့ အိမ်ကမနက်စာကိုလဲမတွေ့ရဘူးး........
မနက်စာနဲ့ နေ့လည်စာပေါင်းစားရဦးမယ်..အဲ့လိုမှမဟုတ်ရင် အပျင်းကြီးပြီး တနေကုန်တစ်နပ်စာပဲဖြစ်သွားတတ်တယ်.......
အိမ်ထမင်း အိမ်ဟင်းတွေ လွမ်းရင်း ကိုယ့်ဗိုက်ဝဖိူ့ ဆိုင်ဟင်းမကောင်းလဲ အကုန်သွပ်ရတာပါပဲ......
ဒီလိုနဲ့ တနေကုန်ဆူမယ့်သူမရှိတော့လဲ စိတ်ကတမျိုးဖြစ်မိသားးးး အိမ်ရဲ့သမီးကြီးဆိုတော့ အစစအရာရာဖြည့်ဆည်းပေးချင်တယ်...ကိုယ့်အတွက်နဲ့အပိုမကုန်စေချင်ဘူးးးးး
(အရင်က စကားနည်းအေးအေးနေတတ်ပြီး အ တဲ့သူကအခုတော့ အိမ်နဲ့အဝေးမှာ လည်လည်ဝယ်ဝယ်ရှိအောင်လုပ်နေရတယ်😆)
ဖုန်းတစ်လုံးနဲ့အဖော်ပြု📱ဒီလိုနဲ့ ညရောက်လာပြန်ပြီ.......ဒီလိုနဲ့ပဲ နောက်တနေ့ဘာစားရမလဲ/ဘယ်လိုလုပ်စားရမလဲ တွေးရင်းးး မနက်အတွက်ပူပန်နေရပြန်ပြီ.........
တွေးမိတယ်...ပစ္စည်းတွေကိုယ်တယောက်ထဲ Orderမထုပ်ရဘဲ မေမေတို့ဘဘတို့မောင်လေးတို့ ဝိုင်းကူထုပ်ပေးနေကြတာလေးတွေ....
ပစ္စည်းပို့ပြီးပြန်လာရင် ဘွားဘွားနဲ့မေမေအသင့်ချက်ထားတဲ့ ထမင်းစားရတာလေးတွေ.....
မုံရွာမှာသာ ကိုယ့်အိမ်ရှိရင် ဘယ်လောက်ကောင်းမလဲ😊
‼️ဒါကြောင့် အခုလက်ရှိ သင်အိမ်မှာရှိပြီး မိသားစုတွေနဲ့နေနေရရင် ကံကောင်းတဲ့သူနော်.....
မိသားစုအိမ်ကအရမ်း အဖိုးတန်လွန်းတယ်❤️
#အိမ်ကိုလွမ်းတယ်
𝐊𝐲𝐚𝐥𝐬𝐢𝐧 𝐓𝐡𝐰𝐚𝐲