အဘိုး

ဒီနာမ်စားကို  စသိတုန်းက  ငယ်သေးတဲ့ကောင်မလေးအရွယ်ပေါ့..........
စသိသိချင်းမှတ်မိနေတာက .....ရှမ်းပြည်ဘက်(ထီးခမ်း အကျဥ်းဦးစီး)ဆိုတဲ့နေရာလေးမှာ  ရှမ်းခေါက်ဆွဲ၊တို့ဖူးနွေးရောင်းတဲ့ ဝန်ထမ်းအိမ်ယာလေးတစ်လုံး......🏡

သူကအစိုးရဝန်ထမ်းတစ်ဦး.....
အသက်၂၀ကစပြီး လုပ်လာခဲ့တာ ခုချိန်ဆို ပင်စင်တောင်ယူခဲ့ပြီပေါ့.....🗯
သူနဲ့အတူတူကျွန်မတို့နေရတော့မယ်ဆိုပြီး ထုံးဘိုအကျဥ်းဦးစီးကိုပြောင်းလာခဲ့တဲ့အချိန်မှာ ကျွန်မပိုသိလာခဲ့တာပေါ့လေ.........😁
အဲ့ဒီသူက"ကျွန်မရဲ့ အဘိုး(ခေါ်တာက ဘဘပေါ့)"
ခုချိန်ထိလဲ ကျွန်မတို့တူတူနေတုန်းပဲ....အနီးကပ်ကျေးဇူးဆပ်ခွင့်ရတာ ဆုလာဒ်တစ်ခုပဲလေ❤️

မိသားစုအပေါ်အရမ်းအနွံတာခံတယ်
ခုစာရေးနေရင်းတောင် သတိရပြီး မျက်ရည်ပါကျမိတယ်.......
အလုပ်ကပြန်လာတိုင်း မုန့်မပါတဲ့ရက်ကိုမရှိဘူး
စခန်းက ဝန်ထမ်းတွေအတွက်မုန့်တွေပေးလိုက်တိုင်း အမြဲအိမ်ရောက်တိုင်း ယူလာသူကြီး...
အဲ့တုန်းက စက်ဘီးပေါ့လေ...စက်ဘီးလေးနဲ့ အလုပ်ကပြန်လာတိုင်း ကျွန်မတို့မောင်နှမ၂ယောက် "ဘဘ" "ဘဘ"ဆိုပြီးလုကြိုရ...ရေ​အပြေးခပ်ရနဲ့ ...အဲ့ပုံရိပ်လေးလဲမြင်ယောင်နေတုန်းပဲ'''
အနွံတာခံလွန်းအားကြီးလို့  အပြင်သွားတဲ့အခါတိုင်း မုန့်စားပါ-ဝယ်ချင်တာဝယ်ပါ အမြဲမှာနေရတဲ့ဘဘလေ......🙏❣️
နေ့ချင်းပြန်ရောက်တဲ့ခရီးမျိူးဆို ရေတခွက်၊လက်ဖက်ရည်တစ်ခွက်နဲ့ပဲပြီးသူကြီး....အိမ်ပြန်လာတာနဲ့ အိမ်ထမင်းချက်ချင်းစားတတ်သူကြီး.....🙏

သားသမီးတွေ မြေးတွေအတွက်ဆို  အကင်လေးဝယ်လာပေးတာနဲ့  ကြိုက်တတ်တဲ့ ဟိုဟိုဒီဒီဝယ်ပေးရတာနဲ့ စေတနာပိုလွန်းသူကြီးလေ.......❣️
အသန့်အပြန့်ကြိုက်ပြီး "စည်းကမ်း"ဆိုတဲ့ စကားလုံးကို ပါးစပ်ကမချတတ်သူကြီးပေါ့....❣️
ခုပင်စင်ရလာတော့ အလုပ်မရှိရင် အငြိမ်မနေတတ်သူကြီးက ကိုယ့်အိမ်ကို နေ့တိုင်းသန့်ရှင်းပြုပြင်နေတာနဲ့ မအားနိုင်ဘူး......🏡❣️
အိမ်ရှေ့မှာလဲ ပန်းပင်တွေ အရိပ်ရပင်တွေ  အပင်များစွာ .....အိမ်နောက်လဲ ဟင်းရွက်ပင် သီးပင်စားပင်တွေ.....သူရဲ့လက်နဲ့မကင်းတာတွေချည်းပဲလေ❤️

ကျွန်မတို့မောင်နှမ၂ယောက်ကို ပင်စင်ရပြီးနားနေရမယ့်အစား ဆိုင်ကယ်တစ်စီးနဲ့ ကျောင်းပို့ကျောင်းကြို နေ့တိုင်းမညည်းမညူလုပ်ပေးခဲ့တာ.....
ဘဘနဲ့ပတ်သက်ပြီး ရင်ထဲစွဲနေအောင် မေ့မရတဲ့နေ့တစ်နေ့ရှိခဲ့ဖူးတယ်😢

ကျွန်မ ၈တန်းအစိုးရစစ် မြန်မာစာဖြေပြီးတဲ့ချိန်
ထမင်းချိုင့်လေးနဲ့ အပြင်မှာစောင့်နေသူပေါ့....
ဖြေနိုင်လားမေးတော့  ကျွန်မအားရကျေနပ်စွာနဲ့ ဖြေနိုင်တယ်ဆိုပြီး စိတ်ကမြူးနေတဲ့ချိန် တွေ့လိုက်ရတာက.....
ဘဘရဲ့မျက်လုံးထဲက မျက်ရည်တွေဝဲပြီး ကျလုဆဲဆဲဖြစ်နေတယ်လေ😢😢
အဲ့အဖြစ်ကိုဘယ်တော့မှမမေ့ဘူး......
ဘဘတို့ဒီထက်အသက်ကြီးလာတဲ့အခါ စောင့်ရှောက်ရမှာက ကျွန်မတို့မောင်နှမ၂ယောက်.....
ကျွန်မသိတာပေါ့ ဒီမျက်ရည်က "ဒါမှငါ့မြေးကွ"ဆိုတဲ့အရာကို ဖော်ညွှန်းနေတဲ့မျက်လုံးတွေ......🙏
ကျွန်မတို့ရဲ့အနာဂတ်ကို ဒီထက်လှစေချင်ပြီး ရှေ့ရေးတွေတွေးပြီး ပျော်နေတတ်သူကြီးလေ......🙏
ဆယ်တန်းအောင်စာရင်းထွက်တော့လဲ ဂုဏ်ထူးပါတော့ ကိုယ့်ထက်တောင်ပျော်နေတတ်သူကြီးပေါ့...မိုးရွာတော့ မြေးအဖိုး၂ယောက်လမ်းလျှောက်မိုးကာဝတ်ပြီး စျေးသွားကြတာ.....🧓👩
သမီးကို ယုံကြည်ပေးလို့ကျေးဇူးအများကြီးတင်ပါတယ်ဘဘ🙏❤️
ဘဘကျန်းမာပြီးအသက်ရှည်ပါစေ🙏
ဒီထက်မကစိတ်ချမ်းသာပါစေ🙏

ဒီကမ္ဘာလေးထဲမှာကျွန်မ​ပျော်တယ်......
ကျွန်မကိုပုံသွင်းထုဆစ်ပေးခဲ့တဲ့ ဘဘကိုချစ်တယ်❤️
ကျွန်မတို့မိသားစုက အရမ်းချစ်စရာကောင်းကြောင်း ကျွန်မတိူ့နဲ့ခင်တဲ့သူတွေသိကြပါတယ်.....
ဒီလိုပေါ့.....မိသားစုထဲကဘယ်သူနဲ့ဖုန်းပြောပြော ဖုန်းချခါနီး အာဘွားလို့ပြောတတ်ကြတဲ့မိသားစုပေါ့❤️

စာလဲရှည်ပြီ❣️အိမ်ကိုလွမ်းရင်း နေ့တိုင်းမိသားစုအကြောင်းတွေရေးမယ်❣️
သီတင်းကျွတ်မှာ တူတူရှိချင်လိုက်တာ😢

                  (1:19Pm)
                 11.10.2020
Share: