ကျွန်တော်တို့ ကြီးပွားဖို့ လက်ရှိနေရာထက်တိုးတက်ဖို့ အောင်မြင်ဖို့ ချမ်းသာဖို့ ကိုယ်လိုချင်တဲ့ ပန်းတိုင်ရောက်ဖို့ ငွေကြေးလွတ်လက်ခွင့်ရဖို့ စတဲ့ ကိုယ်လိုချင်တဲ့အရာရဖို့ ဆိုရင် ကိုယ်လိုချင်တဲ့အရာအပေါ်မှာထားတဲ့ Mindset ကတကယ်အရေးကြီးတယ်။
ကျွန်တော်တို့မှာ သူငယ်ချင်းတွေရှိတယ်။ သူငယ်ချင်းကအကူညီတောင်းရင်ကူညီပေးတယ်။ မလွယ်တာတောင် ရအောင်ကူညီပေးတယ်။ အဲ့ဒါက သူငယ်ချင်းကိုခင်တဲ့ အလေးထားတဲ့ Mindset ရှိလို့။
ချစ်သူကောင်မလေးကို သူတန်ဖိုးထားတာလေးကို လက်ဆောင်ပေးတယ်။ အစားကောင်းလေးတွေကျွေးတယ်။ အစားစားနေတဲ့အခါ ကျနေတဲ့ ဆံပင်လေးကိုသပ်ပေးတယ် စည်းပေးတယ်။ အဲ့ဒါ ချစ်သူကို ချစ်တဲ့ မြတ်ကနိုးတဲ့ ကြင်နာတဲ့ တန််ဖိုးထားတဲ့ Mindset ရှိလို့။
ကိုယ့်မိသားစု ပြဿနာကြုံလာတဲ့အခါ ကိုယ့်ရှိသမျှအားနဲ့ ကိုယ်ရှိသမျှစွမ်းအင်နဲ့ ကိုယ်တက်နိုင်တဲ့ဘက်ကပါဝင်ဖြေရှင်းချင်တာ မိသားစုကိုတွယ်တာတဲ့ တန်ဖိုးထားတဲ့ မိသားစုဆိုတဲ့ အသိုက်အမြုံကိုချစ်တဲ့ Mindset ရှိလို့။
ကိုယ်နဲ့မသက်ဆိုင်တဲ့ သူစိမ်းတွေကို အဲ့ Mindset တွေမထားဘူး။ ခုမှစသိတဲ့သူကို ယုံပြီး ပိုက်ဆံအများကြီးမချေးဘူး။ ဘာလို့လဲဆိုတော့ သူ့အပေါ်မှာ ဘာ Mindset မှမရှိလို့ပဲ။
အဲ့လိုပဲ ကြီးပွားတိုးတက်ချင်တယ်ဆို ကြီးပွားတိုးတက်မှုအပေါ်ထားတဲ့ Mindset လိုတယ်။ အောင်မြင်ချင်တယ်ဆိုရင် အောင်မြင်မှုအပေါ်ထားတဲ့ Mindset လိုတယ်။ ငွေကြေးလွတ်လပ်ခွင့် လိုချင်တဲ့ ငွေကြေးအပေါ်ထားတဲ့ Mindset လိုတယ်။
ကိုယ်ထားတဲ့ Mindset ကဖြစ်နိုင်တယ် လုပ်နိုင်တယ်ဆိုရင် ဖြစ်ကိုဖြစ်တယ်။ ကိုတန်ဖိုးထားတဲ့အရာတွေကို ကောင်းချီးပေးရတယ်။ ငါကြီးပွားနိုင်တယ် ချမ်းသာနိုင်တယ် ဒီထက်မက တိုးတက်နိုင်တယ် ငါအောင်မြင်နိုင်တယ် ဆိုတဲ့ Mindset မျိုးထားရမယ်။ အဲ့ Mindset မျိုးကို Growth Mindset လို့ခေါ်တယ်။
ငွေကိုအလကားပါကွာဆိုတဲ့ Mindset ရှိရင် ငွေကလဲ ကိုယ့်ကိုအလကားကောင်ပါကွာဆိုပြီး ကိုယ့်ဆီလာမှာမဟုတ်ဘူး။ အောင်မြင်မှုဆိုတာ ဉီးမြင့်မောင်ပါကွာဆိုတဲ့ Mindset ရှိနေရင် အလေလိုက်နေတဲ့အရက်သမား ဉီးမြင့်မောင်နဲ့ပဲတွေ့ ရမယ် အောင်မြင်မှုတော့ရမှာမဟုတ်ဘူး။ ချမ်းသာတယ်ဆိုတာ ကိုယ့်အတွက် မဟုတ်ပါဘူးကွာ ဆိုတဲ့ Mindset ရှိနေရင် ချမ်းသာခြင်းအကြောင်းတရားတွေကလဲ ကိုယ့်ဆီရောက်လာမှာမဟုတ်ဘူး။ အဲ့လို Mindset မျိုးကို Fixed Mindset လို့ခေါ်တယ်။
Growth Mindset ကပဲ ခင်ဗျားဖြစ်ချင်တာတွေကို ဖြစ်ဖို့အကူညီပေးမှာ။ Fixed Mindset ကတော့ ခင်ဗျားကို လုပ်တောင်မကြည့်ရသေးပဲ လက်လျှော့ချင်အောင် လုပ်မှာ ဟိုးအောက်ဆုံးထိ ဆွဲချသွားမှာ။
ကောင်းတဲ့ Mindset ကခင်ဗျားကိုပိုကောင်းတာကိုဖြစ်စေပြီး မကောင်းတဲ့ Mindset ကတော့ ခင်ဗျားကို ပိုမကောင်းတဲ့အရာတွေကိုဖြစ်ပေါ်စေမှာဖြစ်တယ်။
ခင်ဗျားရော ဘယ်လို Mindset တွေထားနေမိပြီလဲ?
Sir.Hein
Learning is everything.