ပိတောက်

ဂျပန် ကိုရီးယား က မိတ်ဆွေတွေ

ဆာကူရာ ပန်းတွေနဲ့ ပုံတွေတင်ကြတော့

ကိုယ့်နိုင်ငံက ပိတောက်တွေကို ပွင့်စေချင်မိသား

ပိတောက်တွေ ပွင့်ရင်တော့

သူတို့လို Padauk Day ဆိုပြီးတင်မယ်ပေါ့

သူတို့တွေဆီလို အပင်တွေ အတန်းလိုက်

ဒီနိုင်ငံမှာတော့ မရှိဘူးပေါ့

ကျွန်တော်တို့ နိုင်ငံကမှာက ပန်းတွေပွင့်ရင်

ခေါင်းမှာ ပန်ကြတဲ့အလေ့အထ ရှိတာကိုဗျ

ပိတ်တောက်ပန်းလဲ အဲ့လိုပဲ ပွင့်တဲ့နေ့ဆို

ခူးပြီးပန်ကြတာ လူများတဲ့နေရာတွေမှာ

ပိတ်တောက်ပန်းတွေ ကိုယ်ဆီ ပန်ထားကြတာ

ပိတောက်ပန်း ပန်ထားတဲ့ အမျိုးသမီလေးတွေဆို

သိပ်သဘောကြဖို့ ကောင်းတာဗျ


ပိတောက်ပန်းပွင့်ရင် နီးစပ်ရာ မိတ်ဆွေတွေကို

ပိတောက်ပင်ရှိတဲ့ အိမ်ကလိုက်ပေးကြတယ်

ပိတောက်ပွင့်တဲ့နေ့ ပိတောက်ပန်းရရင်

လုံးဝဂုဏ်ယူမဆုံး ပျော်ကြတာ


ဂျပန်မှာ ဆာကူရာတွေကို တန်ဖိုးထားလို့ မခူးပဲ အလှကြည့်ကြတာ ဒီပန်းကြွေတာကို ကြည့်ဖို့ ရုံးပိတ်ရက်တွေကြေငြာပြီးကို လုပ်ကြတယ်ဆိုပဲ


ကျွန်တော်တို့နိုင်ငံကလဲ ပိတ်တောက်ပန်းကို သိပ်တန်ဖိုးထားကြတာ ဒါကြောင့်မို့လဲ သူတို့ရဲ့ အထွဋ်အထိပ်ဖြစ်တဲ့ ဦးခေါင်းထိပ်ဆုံးမှာထားပြီး ပန်ကြတာ သူတို့ရဲ့ အထွဋ်မြတ်ထားကြတဲ့ ဘုရားမှာတင်ကြတာ တန်ဖိုးထားပုံခြင်း မတူကြတာလို့ပဲမြင်မိတယ် ပန်းကို ခူးလို့တန်ဖိုးမထားဘူး ဆိုတာမျိုးတော့ ကျွန်တော်ကတော့ လက်မခံ ချေမွပစ်တယ်ဆိုရင်တော့ ဟုတ်တာပေါ့


ဂျပန်က ဆာကူရာကို သူတို့စံ အတိုင်းတန်ဖိုးထားသလို ကျွန်တော်တို့နိုင်ငံကလဲ ကျွန်တော်ဆို့ စံ အတိုင်း တန်ဖိုးထားကြပါတယ် တန်ဖိုးထားပုံချင်း မတူကြတာပါ 


အချစ်လိုပါပဲ တချို့က ပိုင်ဆိုင်ခွင့်ရဖို့ ကြိုးစားကြပြီး ချစ်ကြတယ် တချို့က အလှကြည့်နေချင်းအားဖြင့် ချစ်ကြတယ် အဲ့ဒါကို ဘယ်သူ့အချစ်ကတော့ ပိုစစ်ပါတယ်ဆိုပြီးတော့ ဆုံးဖြက်ပြောလို့မရသလိုပေါ့

Share: