လူနာစောင့်

လူနာစောင့်
----------------------------------
ထိုစဉ်က မိဘ နှစ်ပါးရဲ့ မိဘတွေဖြစ်တဲ့ နှစ်ဘက်အဘိုးအဘွား လေးယောက်လုံး နေမကောင်းဖြစ်ချိန်ဖြစ်သည်။
ကျွန်တော်၏ ဖခင်သည်လည်း သူ၏မိဘများကိုလည်းကောင်း မိခင်သည်လည်း သူ၏မိဘများကိုလည်ကောင်း သွားရောက်ပြုစုနေကြသည်။
ထို့အတွက်ကြောင့် အိမ်အလုပ်များကို မိမိသည်ပင်လုပ်ရသည်။ မနက်ခင်း ထမင်းဟင်းချက်၊ ဝက်ကျွေး ပြီးလျှင် ယာတောများရှိရာသို့ နွားသွားလှန်ရသည်။
နွားလှန်သည်ဆိုရင်တွင် နွားများကို ကြိုးရှည်ရှည်ဖြင့် ငုတ်ရိုက်ကာ စားစရာမြက်ရှိသောနေရာတွင် ချည်ထားခြင်းမျိုးဖြစ်သည်။ ထိုးကြိုးတစ်ဝိုက် မြက်ကုန်မှသာ နေရာရွှေ့ပေးရသည်။ မြက်မကုန်မှီတွင် လူသည်အားနေသည်။ အရိပ်တွင်ထိုင်၍ သို့မဟုတ် အိပ်၍နေရသည်။ သာမန်ချိန် နွားလှန်လျှင် အိပ်လေ့ရှိသော်လည်း ထိုနေ့များတွင်မူ အိပ်၍မပျော်၊ နေသာထိုင်သာမရှိလှ။

အဘိုးအဘွားများ သက်သာရဲ့လားစိတ်ပူရသည်။ မိဘများသည်လည်း နေ့ညမပျက် စောင့်ကြရ၍ ကောင်းစွာမအိပ်ကြရ။ ထို့အတွက် သူတို့ကျန်းမားရေးမကောင်းဖြစ်မည်ကိုလည်း ထပ်လောင်း စိုးရိမ်ရပြန်သည်။ တောတွင် တစ်ယောက်ထဲဖြစ်၍အတွေးပေါင်းများစွာဝင်လာသည်။ ဆိုးသောအတွေးများပါသလို ဖြေသာသောအတွေးများလည်းပါသည်။ ထိုကဲ့သို့အတွေးပေါင်းများစွားဖြင့် ညနေစောင်းပြီ ဖြစ်၍အိမ်ပြန်လာခဲ့သည်။
အိမ်ရောက်လျှင် လှည်းနွား ချွက်၍ပြီးလျှင် အိမ်အတွင်းသွင်းထားသော ဆိုင်ကယ်အား ထုတ်၍ စဉ်းစားခန်းဖွင့်ရသည်။ စဉ်းစားခန်းမှာ ဘယ် အဘိုးအဘွားစီ အရင်သွားရမည်နည်းပင်ဖြစ်သည်။
တစ်ဖက် အဘိုးသည် အောက်ဆီဂျင် ရှူနေရပြီး တစ်ဖက်ဘိုးဘွားများမှာ အစားကောင်း‌ကောင်းမစားကြ။
ထိုကဲ့သို့ဖြစ်သည်မှာ တစ်ဆယ်ဆယ့်ငါးရက်ခန့်ဖြစ်သည်။

အောက်ဆီဂျင်ရှူရသော အဘိုးဆီရောက်လျှင် ထမင်းကျွေးချိန်ဖြစ်၍ ထမင်းကျွေးရသည်။ အောက်ဆီဂျင်ရှူရင်းစားရသည်မှာမလွယ်။ လှူပ်လှူပ်ရှားရှားလုပ်၍ မောနေသောကြောင့် စားရသည်မှာ ခတ်ခဲလှသည်။
အဘိုးတွင် ဘယ်ဘက်အခြမ်းမှာ လေဖျန်းနေ၍မလှုပ်နိုင်၊ ထိုအထဲ လျှာသည်ပင်လှုပ်ရခတ်လာသည်။ ထို့အတွက် အစာစားရာတွင် အစာဝင်အောင် တော်တော်ကျွေးရသည်။ ထမင်းလက်စုပ်ကြီးကြီးတစ်စုပ်ဝင်ဖို့ပင် တစ်နာရီကြာသည်။ မကုန်သည်ကများသည်။
စတင်ဘာ 16 ရက်နေ့ ညတွင်တော့ ရေပင်မဝင်တော့။
စတင်ဘာ 17 ရက်နေ့ နံနက် 8 နာရီ ခွဲတွင်တော့ အနိစ္စသဘောဆောင်မှုနဲ့ နေ့ခြင်းပင် ကိစ္စအပြီးလုပ်လိုက်ကြသည်။ နေ့လည် တစ်ရာရီခွဲတွင့်တော့ ကိစ္စပြီးဆုံးသွားပြီဖြစ်သည်။

အစားကောင်းကောင်း မစားသော အဘိုးဘွားများသည် အစားစာဖို့ သူတို့ရဲ့ သမီးအကြီး ဆုံးကို ကျွန်တော်ဖုန်းဆတ်၍ပင် လာလျှင်ကောင်းသည်ဟု ဆိုလိုက်သည်။ များမကြာမီပင်ရောက်လာသည်။ သူ၏ ဂရုစိုက်မှုဖြင့် နေကောင်းစပြုလာကြပြီဖြစ်သည်။

ထိုသို့ပြီးနောက် အဘိုးဘွားများသက်သာစပြုလာသည်နှင့်အမျှ ကျွန်တော်မိဘ များ၏ ကျန်းမာရေးသည်လဲ အစပြုလာခဲ့သည်။
ဤစာရေးနေချိန်သည်ထိ ကျွန်တော်ပင် လူနာစောင့်ပင်ဖြစ်နေသည်။ ဘယ်၍ကြာအုန်းမည်ကို ကျွန်တော် မမှန်းစတတ်သေးပေ။

ဟိန်းမင်းထက်
27.9.2021
Share: